မရမ်းကုန်း ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲက အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ အမှတ် (၁)ရပ်ကွက်၊ ပဌာန်းဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ဆရာဦးမောင်မောင်မြင့်နှင့် ဆရာ၊ ဆရာမများက ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစု အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ အခြေခံအသက်ငယ်အထောက် အကူပြုနည်း စသည့် ရှေးဦးပြုစုခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့သင်ကြားပြသပြီး သင်တန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)