ပွင့်ဖြူ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယမန်နေ့နေ့လည်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်း ကမ်းချက်များ နှင့်အညီစနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များကလိုအပ် သည် များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်းလည်းသိရသည်။ ယနေ့ဆေးထိုးစုရပ်(၄)နေရာတွင်ပထမအကြိမ် ကာကွယ် ဆေးလာရောက် ထိုးနှံသူ ၁၆၄ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်း ပပျောက်စေရေး အတွက်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ဆေးထိုးစု ရပ်များတွင် မဖြစ်မနေ ကာကွယ် ဆေးသွားရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့က အသံချဲ့စက်ဖြင့်နေ့စဉ် အသိပေးနှိုးဆော်ခြင်း များဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ခင်ဝါဝါလှိုင် ( ပြန်/ဆက် )