သတင်းများ

လှိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်
Dec 15,2021
မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက်(၉:၀၀) အချိန်က စတင်ကာ ရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊  အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်း လမ်း၊ သိပ္ပံပစ္စည်း စက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသ​​ရေးစင်တာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း သက်သေခံ လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူ များအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Dec 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ​ဟော​ပြောပွဲ​နှင့် စာအုပ်ပြပွဲကို ရန်ကုန်အ​​နောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Center ဘက်စုံသုံးခန်းမ၌ ယမန်​နေ့မွန်လွဲ ၁ နာရီက ကျင်းပရာ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ ပြည်သူများ တက်​ရောက်ကြပြီး ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့​ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကရုပ္ပိ အ.ထ.က ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Dec 15,2021
နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား များကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရုပ္ပိ အ.ထ.က ကေျာင်း၌ မြို့နယဦးစီး အရာရှိ ဦးရဲလင်း အောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီက ကရုပ္ပိ အ.ထ.ကကေျာင်း​၌နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။
ဆင်ပေါင်ဝဲမြို့၊ ကျောက်ချက်ကျေးရွာ၊ မီဘေးသင့် ပြည်သူလက်ဝယ်အရောက် ကယ်ဆယ်ရေး ပစွည်းနှင့် ရန်ပုံငွေ ထောက်ပံ့ပေးအပ်
Dec 15,2021
ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မီးဘေးသင့် ပြည်သူ လက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျောက်ချက်ကျေးရွာ မီးဘေးသင့် ပြည်သူ နေအိမ်နေရာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် ဌာနဆိုင်ရာများမှ အရှိန်ဟုန်မြင့်ဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ကမမောင်းမြို့ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကဗျာရွတ် ဆိုပြိုင်ပွဲနှင့် ပုံပြင်‌ပြောပြိုင်ပွဲဆောင်ရွက်
Dec 15,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှု ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စာကြည့်တိုက်သို့