လှိုင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများအား သန့်ရှင်းရေးပြုလုပ်

လှိုင် ဒီဇင်ဘာ ၁၅

မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက်  ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယနေ့နံနက်(၉:၀၀) အချိန်က စတင်ကာ  ရေမြောင်းများအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  စည်ပင်သာယာရေစီးရေလာဌာနမှ ဝန်ထမ်းများက ၁၂ ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်မြောင်းများ အတွင်းရှိ ပိတ်ဆို့နေသော အမှိုက်များ ဆယ်ယူခြင်း၊ ရေဆင်းမြောင်းများ သန့်ရှင်းရေး ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

လှိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေးစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး အမှိုက်များကို အမှိုက်သိမ်းကားများဖြင့် သယ်ယူကြောင်း သတင်း ရရှိသည်။

မြို့နယ် (ပြန်/ဆက်)