ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ​ဟော​ပြောပွဲ​နှင့် စာအုပ်ပြပွဲကို ရန်ကုန်အ​​နောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Center ဘက်စုံသုံးခန်းမ၌ ယမန်​နေ့မွန်လွဲ ၁ နာရီက ကျင်းပရာ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ ပြည်သူများ တက်​ရောက်ကြပြီး ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့​ကြောင်း သိရသည်

အဆိုပါ (၇၄)နှစ်​​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်​ဟော​ပြောပွဲတွင် စာရေးဆရာမ ​​ဒေါ်ခင်မျိုးဝင်း (တင့်တယ်ခင်) က လွတ်လပ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများဖြစ်သော လွတ်လပ်​ရေး ဆုံးရှုံးခဲ့ရသည့် အ​ကြောင်းအရင်းများ၊ လွတ်လပ်​ရေးဆုံးရှုံးမှု​ကြောင့် ရင်ဆိုင်ကြုံ​တွေ့ ခံစားရသည့် အဖြစ်အပျက်များ၊ လွတ်လပ်ရေး ပြန်လည်ရရှိအောင် တိုင်းရင်းသားခေါင်ဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် အ​ခြေအ​နေများ၊ ​ရွှေရည်စိမ်လွတ်လပ်​ရေး​ပေးခဲ့ပြီး သွေးခွဲအုပ်ချုပ်ခဲ့သည့် အခြေအနေများ၊ လွတ်လပ်ရေးရရှိခဲ့ပြီး ရရှိလာသော လွတ်လပ်ရေးအား၊ အလေးထားတန်ဖိုးထားကာ၊ လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးစေရန် မျိုးချစ်စိတ်ဓါတ်များ၊ ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ထက်မြက်ပြီး၊ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်၊ လူရွယ်များနှင့် ပြည်သူများ လွတ်လပ်ရေး၏ အကြောင်းသိရှိပြီး နိုင်ငံတော်ကြီးခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ရှေ့ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများ စသည့် သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ​ဟော​ပြောပွဲအပြီးတွင် လွတ်လပ်​ရေး​နေ့နှင့် ပတ်သက်သည့် ဗဟုသုတရရှိ​​စေရန်၊ လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်ဆုရ၊ ကဗျာ၊​ ဆောင်းပါးများနှင့် သိမှတ်ဖွယ်ရာ စာအုပ်၊စာ​စောင်များကို ခင်းကျင်းပြသခဲ့ရာ၊ အခမ်းအနား တက်​ရောက်လာကြ​သော လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ​လေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)