သံဖြူဇရပ်မြို့နယ် ကရုပ္ပိ အ.ထ.က ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်


သံဖြူဇရပ်      ဒီဇင်ဘာ        ၁၅

နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား များကို  မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ် ကရုပ္ပိ အ.ထ.က ကေျာင်း၌ မြို့နယဦးစီး အရာရှိ   ဦးရဲလင်း အောင် ဦးဆောင်၍ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား   ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီက ကရုပ္ပိ အ.ထ.ကကေျာင်း​၌နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ကာကွယ် ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး   ကျောင်းသား  ၃၁ ဦး ၊   ကျောင်းသူ၂၁  ဦး ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း ၅၂ ဦးအား  နိုင်ငံသားစိစစ်ရေး  ကတ်ပြားများကို အခမဲ့ ကွင်းဆင်း  ဆောင်ရွက်ပေးခဲ့ပြီး၊  နိုင်ငံသား စိစစ်ရေး ကတ်ပြားအခမဲ့    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင်  ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်းများ ကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

အေးအေးမွန်