သတင်းများ

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မြိတ်မြို့၌ ကျင်းပ
Jan 04,2022
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံ တစ်ဝန်းမှာ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဇန်နဝါရီလ(၄)ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ကော့သောင်းခရိုင်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ် အခမ်းအနား ကျင်းပ
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား ဇန်နဝါရီလ (၄) ရက် နံနက် (၄) နာရီ (၂၀)မိနစ် က ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့၊ မြို့မ ရဲတပ်ဖွဲ့စခန်း အလေးပြုကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ် သို့ လွှင့်ထူပြီး တပ်ဖွဲ့ဝင်များက အလေးပြုကြသည်။
ပဲခူးတိုင်းဒေသကြီး(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 04,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ယနေ့နံနက် ၄ နာရီ ၂၀ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကျင်းပခဲ့သည်။
မင်းတုန်းမြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Jan 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များဖြန့်ဝေ
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ဇန်နဝါရီလ ၄ရက် နံနက် ၇နာရီခွဲအချိန်က ( ၇၄ )နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ် လွှာဖတ် ပွဲ အခမ်းအနားတွင်ဖြန့်ဝေခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲကျင်းပ
Jan 04,2022
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို ဥတ္တရသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ကကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တက်ရောက်လာကြသူများက စုပေါင်းအလေးပြု ကြပြီး ဆက်လက်၍ နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအား ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော လွှတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း က ဖတ်ကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 04,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်း စာကြည့်တိုက် ဖွင့်လှစ်
Jan 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြု သောအားဖြင့် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အခြေခံပညာအလယ်တန်း ကျောင်း တွင် ပြုလုပ်သည်။