ပြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

ပြည် ဇန်နဝါရီ

၂၀၂၂ ခုနှစ်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက () လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ မန်နေ့ နံနက် ၇ နာရီက ကျင်းပရာ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားပြည်သူများ  တက်ရောက်သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားတင်ပြသည်။

ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျင်းပခဲ့သော အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကား ပြောပြိုင်ပွဲများ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့် ပဲခူးတိုင်း ဒေသကြီး (၂၈)မြို့နယ် ကျား၊ မ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြည်မြို့နယ် ကိုယ်စားပြုဆုရရှိသည့်  ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်ခရိုင်(ပြန်/ဆက်)