ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများ ဆုချီးမြှင့်

ဗန်းမော်       ဇန်နဝါရီ     ၅

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဗန်းမော်ခရိုင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းမှ စတင်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ ကလေးများ မုန့်စားပြေးပြိုင်ပွဲ၊အာလူးကောက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ ဇကောရွက် ပြိုင်ပွဲ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းဗိုလ်လုပြိုင်ပွဲတို့ကို ပျော်ရွှင်စွာ ကျင်းပ ခဲ့ကာ ပြိုင်ပွဲဝင်ဆုရရှိသူများအား ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အလားတူ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်း၌လည်း (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် KG ကျောင်းသားကျောင်းသူများအား အာလူး ကောက် ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ မုန့်စားပြေးပြိုင်ပွဲ၊ လွတ်လပ်ရေးကျောက်တိုင်ပုံ ရောင်စုံ ဆေးရောင်ခြယ်ပြိုင်ပွဲများတို့ကို ကျင်းပခဲ့ကာ ဆုရရှိသည့် ကျောင်းသားကျောင်းသူ  များအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက ဆုများ အသီးသီး ပေး အပ်ခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)