မိုင်းယောင်း ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
မီတာ (၅၀) အာလူးကောက်၊ ပူပေါင်းဖောက်၊ အိပ်စွတ်၊ ထုပ်ဆီးတိုး၊ လွန်ဆွဲပြိုင်ပွဲများသို့ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၃ ရက်တွင် ပြုလုပ်သည့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း