လှိုင်မြို့နယ်၌ ( Mask Campaign) ပြုလုပ်ဆောင်ရွက်
Jan 10,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ များနေအိမ် ပြင်ပထွက်တိုင်း(Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး(MaskCamapaign)ကို ယနေ့နံနက်က လူစည်ကားရာနေရာများဖြစ်သော လှိုင်မြို့နယ် (၁၂)ရပ်ကွက် အင်းစိန်လမ်းရှိ လှိုင်ရတနာဈေးတွင် ဆောင်ရွက်ခဲ့သည်။ ပါးစပ်/ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ရာတွင် ဈေးရောင်းသူများအား စနစ်တကျ(Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Maskတပ်ဆင်ခြင်းမရှိသူများနှင့် ပြည်သူများအား Maskအခု၁၀၀၀ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ (MaskCanpaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။