စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး talk show ပြုလုပ်
Jan 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အများ ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှ ထုတ်လွင့်တင်ဆက်ပေးလျက်ရှိရာ လူကိုလူကရောင်းစားခြင်း၊ ကိုယ်ကျိုးသာကြည့်တဲ့ လူတစ်ချို့ ကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ခြင်းများအား အသိပညာပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီ အချိန်တွင် မြို့တာဝန်ခံ ဦးစောအယ်လင်းနှင့် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင် တို့ကဆွေးနွေးပေးခဲ့ကြသည်။