လားရှိုး ဇန်နဝါရီ ၁၁
လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လားရှိုးမြို့၊ ဘူတာလမ်းရှိ အ.ထ.က (၄) ကျောင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၌ လားရှိုးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ချောစုစုအောင်က အားကစားနှင့် ပတ်သက်သည်များကို ရှင်းလင်းဟောပြောပေးခဲ့ပြီး အားကစားပစ္စည်းများဖြစ်သော ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းများအတွက် အားကစားပစ္စည်း များကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းသွယ်က လက်ခံရယူခဲ့သည်။
ထို့နောက် အားကစားမှူးနှင့်အဖွဲ့ကဦးဆောင်ကာ fitness dance ကို သရုပ်ပြကပြခဲ့ရာ၌ အ.ထ.က (၄) ကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၂၆) ဦးကျော် ပါဝင်သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် အဆိုပါသရုပ်ပြကပြခြင်းများနှင့် အသိပညာပေးဟောပြောပွဲများကို သတ်မှတ်ရက်များအလိုက် လားရှိုးမြို့ရှိ အခြေခံပညာ ကျောင်းများသို့ လှည့်လည်ဟောပြောခဲ့ကြောင်းလည်း သိရသည်။
ဟန်ဌေး