သတင်းများ

စလင်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ စဥ်ဆက်မပြတ် ဆောင်ရွက်
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  မြို့အင်္ဂါရပ်နှင့်အညီ  စိမ်းလန်းစိုပြည်၍ သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် သန့်ရှင်းသော မြို့ဖြစ်စေရန်ရည်ရွယ်၍  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ  ရပ်ကွက်များအတွင်းရှိ  လမ်းဘေးဝဲယာများတစ်လျှောက်  လိုက်လံ၍ နေ့စဥ် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှ အသက်(၂)နှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌နေကြောင်း သိရသည်။
လိပ်သိုဒေသတွင် နနွင်းတက်များ တူးဖော်ရောင်းချ
Jan 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိစေရန် မိမိတို့၏တောင်ယာခင်းများနှင့် မြေလွတ်နေရာများတွင် နနွင်းစိုက်ခင်းများ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော် လည်းကောင်း စိုက်ပျိုးထားကြရာ နနွင်းတက်များ တူးဖော်ရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင်ပညာရးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းအစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများစစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေး  ကုသပေးခဲ့သည်။
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲများကို တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။
မြို့သစ်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​မန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။