လိပ်သို ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိစေရန် မိမိတို့၏တောင်ယာခင်းများနှင့် မြေလွတ်နေရာများတွင် နနွင်းစိုက်ခင်းများ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော် လည်းကောင်း စိုက်ပျိုးထားကြရာ နနွင်းတက်များ တူးဖော်ရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဒေသခံအချို့မှာ နနွင်းတက်များကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင်ပင် ဆောလျင်စွာ စတင်တူးဖော်ရောင်းချကြကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသူများမှာ နနွင်းတက်များရင့်ချိန် ဖေဖော်ဝါရီလရောက်မှ တူးဖော်ကြကြောင်း၊ နနွင်းတက်များကို ဒေသခံများက အစိုအတိုင်း သော်လည်းကောင်း၊ ပြုတ်၍နေလှန်းကာ စနစ်တကျအခြောက်ပြုလုပ်၍ လည်းကောင်း ရောင်းချကြ ကြောင်း သိရသည်။
ဒေသတွင်းရှိ အဝယ်ဒိုင်များက ယခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် နနွင်းတက် အစိုတစ်ပိဿာ လျှင် (၁၀၀ဝိ/-) ကျပ်မှ(၁၅၀ဝိ/-)ကျပ်၊ အခြောက်တစ်ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်မှ(၉၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူလျက်ရှိနေကြောင်း၊ နနွင်းစိုက်ပျိုးရောင်းချသူ ဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်