သံတောင်ကြီး ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ Grade -10 ကျောင်းသူ/ကျောင်းသားများက ပညာရေးစုံညီပွဲတော်သီးချင်းဖြင့် သီဆိုပြီးခရိုင် ပညာရေးမှူးဒေါ်နော်ဆဲပွယ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအောင်အောင်မြင့် ကပညာရေးစုံညီပွဲတော်ပြုလုပ်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသူ/ကျောင်းသားများနှင့် အင်္ဂလိပ်စာထူးချွန်၊ သင်္ချာထူးချွန်ရရှိသည့် ကျောင်းသူ/ကျောင်းသားများ၊ ဘာသာရပ်အလိုက် ထူးချွန်ဆရာ/ဆရာမများအား ခရိုင်ပညာရေးမှူး၊မြို့နယ်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသူ/ကျောင်းသားများက အကပဒေသာများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ တက်ရောက်လာသူများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
နော်နော်မူ