ညောင်ဦးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနား ကျင်းပ

ညောင်ဦး  မေ  ၁၉

ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ညောင်ဦး-ကျောက်ပန်းတောင်း နှစ်လမ်းသွားလမ်းမကြီးဝဲ/ယာတွင် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပခဲ့သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့ထိ သတ်မှတ်ကာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက ပြောကြားသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD