မိုင်းဆတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ သတင်းရေးသားပေးပို့နည်းနှင့် သတင်းဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြည်သူများ အချိန်နှင့်တပြေးညီ သတင်းအချက် အလက်များ သိရှိနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေခြင်းကြောင့် ဝန်ထမ်းများ သတင်းရယူနည်း၊ သတင်းရေးသားနည်းများကို ကျွမ်းကျင်စွာ ရေးသားဖော်ပြနိုင်ရေးအတွက် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သတင်းရေးသားပေးပို့နည်းနှင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို သင်တန်းနည်းပြ(၃)ဦးဖြင့် မေလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့မှ သင်တန်းသား/သင်တန်းသူများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)