ညောင်ဦးမြို့နယ်အတွင်း ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ထားရှိ
May 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စဉ့်ကူးနယ်မြေမီးသတ်စခန်းအတွင်း မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စဉ့်ကူးနယ်မြေအတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ကြံ့ခိုင် ကောင်းမွန်အဆင်သင့်ရှိနေဖို့အတွက် စုဖွဲ့လေ့ကျင်းခြင်းကို မေ ၂၄ ရက်၊နံနက် ၇နာရီအချိန်က ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးဌာန ၊စဉ့်ကူးနယ်မြေမီးသတ်စခန်းရှေ့ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။