သတင်းများ

ရွှေကျင်မြို့နယ်တွင် မိုးကြိုးဘေးသင့်ပြည်သူနှင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်
May 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဝိုင်ပျဉ်‌ရေကျေးရွာအုပ်စု ညောင်အိုင်ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းဖွင့်အမှီ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ ခြင်‌‌‌ဆေးဖြန်း ခြင်းများ ဆောင်ရွက်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဒလဘမ်း‌‌ကျေးရွာ အခြေခံမူလတန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများ၊ ခြင်‌ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန်က သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်
May 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်အတွင်းရှိ ခရိုင်ရုံးနှင့်မြို့နယ်ရုံးများ၏ ငွေစာရင်းဆိုင်ရာလုပ်ငန်းများ မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒက္ခိဏခရိုင်စာရင်းစစ်ရုံးနှင့် ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
လူမှုရေးရာ၀န်ကြီး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ ညှိနှိုင်းအစည်းအဝေးတက်ရောက်
May 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ပြည်နယ်လူမှု၀န်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံပေး
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/  ကျေးရွာနေပြည်သူများအား ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့၌ ဖန်ခါးပင်ဆည် ရေထိန်းတံခါးပြိုကျပျက်စီးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
May 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယမန်နေ့က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန(ဆည်မြောင်း) ဦးစီးအရာရှိနှင့်အတူ ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာရှိ ဖန်ခါးပင်ဆည် ရေထိန်းတံခါး ပြိုကျပျက်စီးနေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲ ကျင်းပ
May 24,2022
ကယားပြည်နယ်၊ ကျေးလက်ဒေသ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ကယားပြည်နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လယ်ယာကုန်ထုတ်လမ်းတံတားလုပ်ငန်းနှင့်
ပွင့်ဖြူမြို့နယ်၌ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုနေ့စဉ် ဝင်ငွေရရှိ
May 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိစေရန် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် သပြေပန်းများ ချိုးယူရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ကြသူများထံက သိရသည်။