အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေး ဆက်လက်ထိုးနှံ​ပေး

အလုံ မေ

ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက်  ဦးတည်အုပ်စုများ အလိုက်ထိုးနှံခြင်းကို အလုံမြို့နယ် ခန်းမ၌ ထိုးနှံ​ပေးလျက်ရှိရာ   ယ​​နေ့တွင်  Phrase-9 Second Dose ထိုးနှံသူ (၂၆)ဦး၊ Phrase-10 First Dose ထိုးနှံသူ (၇) ဦး၊  Booster ထိုးနှံသူ (၅၄) ဦး စုစုပေါင်း (၈၇) ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင်    ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ်ထိုးနှံပြီး သူ   (၂၅၇၈၅)ဦးနှင့်  ဒုတိယအကြိမ် ထိုးနှံပြီးသူ  (၂၄၇၈၆) ဦးနှင့် Booster ထိုးနှံပြီးသူ (၃၈၂၄) ဦးရှိ​​ပြီဖြစ်ပြီးကြောင်း သတင်းရသည်။

တင်တင်ချို (ပြန်/ဆက်)