သတင်းများ

ရွှေတောင်မြို့နယ် ဒုံးကုလားကျေးရွာတွင် အသက်မွေးဝမ်းကျောင်း ပညာ (၅) မျိုးအား ဆွေးနွေးသရုပ်ပြပို့ချ
May 24,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမား အဖွဲ့အစည်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း သင်တန်းပညာ (၅) မျိုးကို ဆွေးနွေးပို့ချခြင်း၊ လက်တွေ့သရုပ်ပို့ချခြင်း သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျောက်ထရံအုပ်စု၊ ဒုံးကုလားကျေးရွာ တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို  ယမန်နေ့ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ရှိ လမ်းလယ်ကျွန်းများ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ လမ်းလယ်ကျွန်း၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီခွဲမှ ယမန်နေ့ညနေပိုင်း ၄ နာရီအချိန်ခန့်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း မြို့ပြအင်္ဂါရပ်နှင့်ပြည့်စုံညီညွတ်မှုရှိစေရေး အတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇နာရီအချိန်က မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် အမှတ်(၉) ရပ်ကွက်၊ သိမ်ဖြူ လမ်းတို့တွင် မြို့နယ် EO ရုံးမှ AEO ဦးဆောင်၍ မြို့နယ်စည်ပင် သာယာဝန်ထမ်းများမှ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
May 24,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင်  မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့  နံနက် ၉ နာရီအချိန်  အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။ 
ကြံခင်းမြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းများ ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် တပ်စုများ အသင့်စုဖွဲ့ထားရှိမှု ကြည့်ရှု့စစ်ဆေး
May 24,2022
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်များ ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် တပ်စုများ အသင့်စုဖွဲ့ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့ နံနက် ၉ နာရီက‌ ဒေါပုံမြို့နယ် အထက (၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။