ထန်းတပင်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ
May 24,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ဆတ်ကလေးကျေးရွာအုပ်စု၊ အိမ်လေးလုံးကျေးရွာရှိ ကွင်းအမှတ် (၂၃၄)၊ ဦးပိုင်အမှတ် (၅/ခ) တောင်သူ ဦးကျော်ဌေး၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။