သတင်းများ

ထန်းတပင်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ
May 24,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ဆတ်ကလေးကျေးရွာအုပ်စု၊ အိမ်လေးလုံးကျေးရွာရှိ ကွင်းအမှတ် (၂၃၄)၊ ဦးပိုင်အမှတ် (၅/ခ) တောင်သူ ဦးကျော်ဌေး၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စံချိန်မမီသည့်ဝါယာကြိုးများအား Insulated Wire ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်
May 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူနေမှုဘဝမြှင့်တင်စေရန်၊  လျှပ်စစ်မီးလင်းစေရန်နှင့် လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်နယ် ဘတ်ဂျက်ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်မိန်းလမ်းမကြီးအတွင်းရှိ စံချိန်မမီသည့် ဝါယာကြိုးများအား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် နွေရာသီအခြေခံ တိုက်ကွမ်ဒိုသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေ ခံတိုက်ကွမ်ဒို သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင်
လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလားအသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလား အသက် ၂၅ နှစ်အောက်ရပ်ကွက် ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လှိုင်မြို့နယ်တွင် (Grade.11) သင်ရိုးသစ် သင်တန်းဆင်းပွဲ ကျင်းပ
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grede-11 သင်တန်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန် လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ
May 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာတောင်သူအသိပညာပေးစင်တာ (KC) ၌ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ စိုက်ပျိုးရေးထုတ်ကုန် တိုးတက်မြင့်မားရေးနှင့် ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားသည်။
ဟိုပန်၌ ဆုံဆို့နာနှင့် မေးခိုင်ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
May 24,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၃)နှစ်မှ(၇)နှစ်အတွင်း ကလေးငယ်များအား ယမန်နေ့နံနက်(၁၀)နာရီက ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် နောင်မိုကျေးရွာရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဆက်လက်သင်ကြား
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်း‌ နောက်ဆုံးနေ့အဖြစ် ယမန်နေ့နံနက် ၉ နာရီက မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားခဲ့သည်။