သတင်းများ

မိုးနဲမြို့နယ်၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၁၅၀၀၀)ပင် ပျိုးထောင်ထားရှိ
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ်မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ ဂေဟစနစ်မပျက်စီးစေရန်၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအနေဖြင့် သစ်ပင်၊ ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မိုးနဲမြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၁၅၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် Sinopharm ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield) ဆက်လက်ထိုးနှံ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm (sinovac) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယမန်နေ့နံနက် ၈:၀၀နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့၊ မွန်းလွဲ ၂ နာရီက အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ် နတ်ပုတီး အ.မ.က ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရီုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ် ကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်က နတ်ပုတီးကျေးရွာ အ.မ.ကကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ဒေါပုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀) နာရီကစ၍ အမှတ်(၉)အခြေခံပညာ မူလတန်း‌ ကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ဆက်လက်ထိုးနှံ
Jun 06,2022
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဆိုသည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 06,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဟင်္သာတခရိုင် မီးသတ်ဦးစီးဋ္ဌာနမှ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဥ် (၁/၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပြည်ထဲဝန်ကြီးဌာန ဟင်္သာတခရိုင် မီးသတ်ဦးစီးဋ္ဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း(၁/၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။