ပေါင်းတည်မြို့နယ် နတ်ပုတီး အ.မ.က ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ပေါင်းတည် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရီုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ် ကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်က နတ်ပုတီးကျေးရွာ အ.မ.ကကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ များက ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူလေးများအား လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများပြုလုပ်၍ ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူ (၇၃) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် Sinopharm ဆေးထိုးနှံပေးခဲ့သည်။

ပေါင်းတည်မြို့နယ်အတွင်း အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ရည်မှန်းဦးရေ ၉၂၂၀ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူ ၂၅၉၅ ဦးရှိပြီဖြစ်ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသူများအား သတ်မှတ်အုပ်စုအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)