ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ “စိန်ပန်းခိုင်” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်း(လီမီတက်)၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်

ပူတာအို ဇွန် ၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ “စိန်ပန်းခိုင်” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း(လီမီတက်)၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ဇွန်(၆)ရက် နံနက်(၁၁)နာရီက ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် “စိန်ပန်းခိုင်” သမဝါယမအသင်း(လီမီတက်)၏ စာရင်းကိုင် ဦးစောနွဲ့အောင်မြင့်နေအိမ်၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် “စိန်ပန်းခိုင်” သမဝါယမအသင်း ဥက္ကဋ္ဌ ဦးစောနွဲ့အောင်သန်းက ဤအသင်း ယနေ့တိုင ်ရှင်သန်အောင်မြင်ရခြင်းမှာ အသင်းသားများ၏ ကြိုးစားအားထုတ်မှုနှင့်စည်းလုံးညီညွတ်မှုများ ကြောင့်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အသင်း၏အောင်မြင်တိုးတက်ရေးသည် အသင်းသားများတစ်ဦး ချင်းစီတွင် တာဝန်ရှိပါကြောင်း၊ အသင်းကြီးအောင်မြင်မှ အသင်းသားများ၏လူမှုစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အသင်းသားများလိုအပ်သည့် ချေးငွေများကိုလည်း အတိုးနှုန်းသက်သာစွာ ထုတ်ချေးနိုင်မည်ဖြစ်ပါကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်က သမဝါယမအသင်းများ အောင်မြင်တိုးတက်ရေးသည် အမှုဆောင်နှင့်အသင်းသားများသည် အဓိကဖြစ်ပါကြောင်း၊ ဤအသင်းသည် အောင်မြင်နေသည့်အသင်းဖြစ်၍ ရေရှည်တိုးတက်အောင် ဆက်လက်ထိန်းသိမ်းကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ အသင်းမှရရှိလာသည့် အတိုးငွေများမှ အသင်းသားများ၏ လူမှုစီးပွားရေးလုပ်ငန်းများ တွင်ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပူတာအိုမြို့နယ် သမအသင်းစုမှ အရစ်ကျငွေချေစနစ်ဖြင့် ဒေဒေါင်းလယ်ယာလက်တွန်းထွန်စက် (DT100N)တစ်စီးအား အသင်းသို့ရောင်းချပေးထားပြီ ဖြစ်ပါကြောင်းပြောကြားပြီး အကြီးတန်းစာရေးဦးဂျတ်ဇော်ဆိုင်းအောင်က အသင်း၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်ရှင်းတမ်းအား ဖတ်ကြားခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌနှင့် မြို့နယ်ဦးစီးမှူးတို့က “စိန်ပန်းခိုင်” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၏အသင်းသား(၆၃)ဦးအတွက် စုဆောင်းပေါ်အတိုး တန်ဖိုးကျပ် ၇၀၉၀၉၆/- အား အသင်းသားများထံထုတ်ပေးခြင်းနှင့်ကာလတန်ဖိုးကျပ် ၈၄၀၀၀/-တန်ဖိုးရှိ စားသောက်ကုန်များကို အသင်းသားများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)