သတင်းများ

ရမည်းသင်းမြို့နယ်၌ (တတိယ)အကြိမ် မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ
Jun 07,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ်(တတိယ)အကြိမ် မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်း လင်းပွဲကို ဇွန် ၇ ရက် မွန်းလွဲ၁နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ န(Community  Centre) ခန်းမ၌ကျင်းပပြုလုပ်သည်။
ကျောက်ဖြူမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့ တက်ရောက်စိုက်ပျိုး
Jun 07,2022
၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာ၊ ကံ့ကော်တောဘုရားအနီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ပေါက်တောမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Jun 07,2022
 "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆို  သည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်ပိုင်းတွင် သတ်မှတ်ထားသော အခြေပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ နိကာယ်စာမေးပွဲ(မဟာဝိဒူတန်း)စာမေးပွဲ ကျင်းပပြုလုပ်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော
တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၁၀)နှစ်ပြည့်မွေးနေ့ ကျင်းပ
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အရုံဆွမ်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
တောင်ငူ၌ ၂၀၂၂ ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲ  ပထမနေ့ စတင်ဖြေဆို
Jun 07,2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၂ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို တောင်ငူမြို့ သာသနာ့ဟိတကာရီဗိမာန်တော်ကြီး စာဖြေဌာန၌
မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 07,2022
မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း သားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ချီးမြှင့် ပေးအပ်ပွဲကို ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့၌ ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် အလှူရှင် အဂ္ဂမဟာသီရိသုဒမ္မသိင်္ဂီ ဒေါ်ခင်မြင့်မြင့် လှူဒါန်းသော ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက်၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။