ဒိုက်ဦး ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် အလှူရှင် အဂ္ဂမဟာသီရိသုဒမ္မသိင်္ဂီ ဒေါ်ခင်မြင့်မြင့် လှူဒါန်းသော ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက်၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဆရာကြီး ဦးလှကျော်က စာကြည့်တိုက်ရေရှည်တည်တံခိုင်မြဲရေး စုပေါင်း၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ စုပေါင်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်မှူး ဆရာမကြီးဒေါ်ကြည်ကြည်ဝင်းက စာအုပ်စာစောင်များ ဝယ်ယူရရှိနိုင်သော နည်းလမ်းများကိုလည်းကောင်း၊ စာကြည့်တိုက် ကော်မတီအတွင်းရေးမှူး ဦးသန်းထွန်းက စာကြည့်တိုက်ရေရှည်ရှင်သန် ခိုင်မာနိုင်ရေး နည်းလမ်းများကို လည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ၊ စာရေးဆရာများနှင့် စေတနာရှင်များ တက်ရောက်ကြသည်။
မြို့နယ်(ပြန်/ဆက်)