တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၁၀)နှစ်ပြည့်မွေးနေ့ ကျင်းပ

တန့်ယန်း ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အရုံဆွမ်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် ဆရာတော်များအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်းမိသားစုများက အရုံဆွမ်းအား ဆက်ကပ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းနှင့် လှူဒါန်း ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက်(၁၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ဝန်ထမ်းများအား ဆန်နှင့်ဆီတို့ကို ဂုဏ်ပြုလက်ဆောင်အဖြစ် ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)