မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

မကွေး ဇွန် ၇

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း သားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ချီးမြှင့် ပေးအပ်ပွဲကို ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပညာသင်စရိတ်ချီးမြှင့်ပေးအပ်ပွဲတွင် ဦးစွာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ဝန်ထမ်း မိသားစုများအား နှုတ်ခွန်းဆက်အားပေးစကား ပြောကြားပြီး၊ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ချီမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး မိသားစုထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စိုးပပက တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ညွှန်ကြားရေးမှူးများဖြစ်သည့်  ဦးကြည်မြင့်၊ ဦးမျိုးအောင်နှင့် ဒေါ်ခင်အေးဝင်းတို့မှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် အသီးသီး ချီးမြှင့်ထောက်ပံ့ ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်း သားသမီးများဖြစ်သည့် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၈)ဦးအတွက် ငွေကျပ်(၂၁၆၅၀၀၀)အား တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ