သတင်းများ

ငပုတောမြို့၌ Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးပွဲပြုလုပ်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
​​​​​​​အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းသေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင် (Book Club) အဖွဲ့ဝင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာကျူးစံ ရေးသားသည့် “အငုံပွင့်နှင့်တစ်ပါး‌‌လျှော့သခင်ရသ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။ ‌
တိုက်ကြီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြသည်။
သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jan 18,2025
မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့် နွေစပါးစံပြကွက် စိုက်ပျိုးမည့်နေရာတို့အား ဇန်နဝါရီ ၁၆ ရက်က ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲ ကျင်းပ
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း အသိပေးရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jan 18,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်အရ ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အခြေခံမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မရမ်းချို၊ သရက်ကုန်းကျေးရွာအုပ်စုတို့တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စုနှင့် သရက်ကုန်း ကျေးရွာအုပ်စုတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။