အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး

အလုံ  ဇွန် ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေ စေရေးနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ စီစဉ်မှုဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က ဌာနရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင်  အ​ခြေခံစား​သောက်ကုန်များ ဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ​ကြက်တစ်ပိဿာ ၈၀၀၀ ကျပ်၊ ဆိတ်သားသား တစ်ပိဿာ ၂၂၀၀ဝ ကျပ်၊ အရိုးအသား တစ်ပိဿာ ၁၇၀၀ဝ ကျပ်၊  ကလီစာ တစ်ပိဿာ ၁၇၀၀ဝ ကျပ်၊ အမဲတစ်ပိဿာ ၁၂၀၀ဝ ကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သား လှိုင်းသား/ အသားရှယ် တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နံရိုးတစ်ပိဿာ ၁၀၀၀ဝ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း တစ်အိတ် ၈၅၀ဝ ကျပ်၊ ရိုးရိုးဆန် တစ်အိတ် ၅၀၀ဝ ကျပ်၊  ကြက်ဥတစ်လုံး ၁၇၀ ကျပ်ဖြင့်  ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေး ဝန်ထမ်းများက စျေးလာရောက် ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်၊၊

တင်တင်ချို (ပြန်/ဆက်)