ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်စာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ(၂)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများသည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Grade-8, Grade-9 နှင့် Grade-10တို့တွင် ပညာသင်ကြားနေသည့် ကျောင်း သားကျောင်းသူလေးများအားဖြန့်ဝေပေးခဲ့ကြပြီး၊ မြို့နယ်ဦးစီးအရာရှိက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများကို အသိပညာပေးဟောပြောသည်။ ပညာပေးဖြန့်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်တွင်မူးယစ်ဆေးဝါးပြသနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဥယျောဇဉ်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိူင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)တွင် ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ် ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိမ်းချုပ်ရေးမူဝါဒ၊မဟာဗျူဟာ(၂)ရပ်၊နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ကဗျာ/ကာတွန်းများကို ထည့်သွင်းဖော်ပြထားပြီး၊ ကျောင်းသားကျောင်းသူများအတွက် များစွာအထောက်အကူဖြစ်နိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)