စစ်ကိုင်း ဇွန် ၂၂
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိတို့ဌာနဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ဘာသာရပ်များကို နားလည်သဘောပေါက် ကျွမ်းကျင်မှုရှိစေရန် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားကြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်မိုးက သင်တန်းပို့ချရာတွင် ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်၊ လုပ်ငန်းစဉ်များ၊ သတိပြုရမည့်အချက်များ၊ ဆိုးကျိုးဖြစ်စေမည့် အချက်များ၊ ရည်ရွယ်ချက်ပန်းတိုင်များ၊ မှန်ကန်ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေး၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဆင့်(၄)ဆင့်၊ လူထုသဘောထားအမြင် လေ့လာသုံးသပ်ခြင်း၊ ပြည်သူ့ဆက်ဆံရေးမှူး၏ တာဝန်နှင့်အရည်အချင်းများ၊ ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို (၂)ရက်ကြာ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ ခရိုင်ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်