ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်လှူဒါန်း

ကော့ကရိတ် ဇွန် ၂၂

ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်းအမှုထမ်း ဝန်ထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၉ ချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဗောဓိမဏ္ဏိုင်ဘုန်းတော်ကြီးကျောင်း (ပရိယတ္တိစာသင်တိုက်)သို့ ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အရာထမ်း၊ အမှုထမ်းများက ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဗောဓိမဏ္ဏိုင်ဘုန်းတော်ကြီးကျောင်း (ပရိယတ္တိစာသင်တိုက်)သို့သွားရောက်၍ ဆွမ်းဆန်တော် (၈)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)