လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ဟိုပုံး ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များစုပေါင်း၍ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ဟိုပုံး)မှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

“စာရေးဆရာ ဒေါက်တာခင်မောင်ညိုရဲ့ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း” စာအုပ်ဟာ လူငယ်တွေအောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ ရှက်စိတ်၊ ကြောက်စိတ်နှင့် အောင်စိတ်၊ မှားမှာကိုမကြောက်နဲ့၊ ပညာရေးအစ…စာအုပ်များဖြင့် အစပြုပါ၊ အသုံးကျခြင်းနှင့်နှလုံးလှခြင်း၊ လူငယ်နှင့်အမြင်၊ လူငယ်နှင့်တက္ကနိုလိုဂျီ၊ လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့် အလှအပတို့ဟာ ကျွန်တော်တို့ လူငယ်တွေအတွက် ခွန်အားဖြည့်တဲ့ ဆောင်းပါးများဖြစ်သည့်အတွက် အတွေးအမြင်များ၊ ခံယူချက်များ၊ ဗဟုသုတများ တိုးပွားလာရပါကြောင်းနှင့် ယခုလိုကျွန်တော်တို့ Book Club အဖွဲ့ဝင်တွေကို ပြန်လည်ဆုံဆည်းခွင့်ရအောင် စာဖတ်ဝိုင်းပြုလုပ်ပေးသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို အထူးကျေးဇူးတင်ရှိကြောင်း” တောင်ရပ်ကွက်နေ Book Club အဖွဲ့ဝင် ခွန်ထွန်းစံကပြောကြားသည်။

ထက်ထက်(ဟိုပုံး)