မံစီ ဇွန် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ဇွန် ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါး အန္တရာယ် ကင်းဝေးစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက မူးယစ်ဆေးဝါး၏ ဆိုးကျိုး အန္တရာယ်များအကြောင်းနှင့် စာပေလေ့လာ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(မံစီ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကလည်း တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို မိုင်းအန္တရာယ် အကြောင်း အသိပညာပေးဟောပြောပြီး အသိပညာပေး ရုပ်ပြဇာတ်လမ်းတို စာအုပ်များဖြန့်ဝေကာ ဟောပြောပွဲတွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)