သတင်းများ

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးညှင်းမြို့ စည်ပင်သာယာစျေးများ သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
May 12,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မိုးညှင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဆန်းဝင်း၊ ဝန်ထမ်းများနှင့် အတူ ဇွန်(၁)ရက် နံနက်(၆)နာရီက မြို့ပေါ်ရပ်ကွက်များရှိ မြို့မစည်ပင်သာယာစျေးနှင့် အောင်သပြေ စည်ပင်သာယာစျေးများတွင် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကြံခင်းမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်း များပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်း မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ခရိုင်စိုက်ပျိုးရေး ဒုတိယညွှန်ကြားရေးမှူးတို့က စံကွက် ရိတ်သိမ်းပွဲ၊ နေကြာမျိုးစေ့ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားများသို့ တတ်ရောက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင် စိုက်ပျိုးရေး ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဇင်မောင်နှင့် တာဝန်ရှိသူများက  ကြံခင်းမြို့နယ်အတွင်း စံကွက်ရိတ်သိမ်းပွဲ၊ နေကြာမျိုးစေ့ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်း အနားသို့ ယမန်နေ့ နံနက်ပိုင်းက တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၏ ပထဆုံးနေ့ ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြား
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ ဇွန်(၂)ရက်နေ့မှ စတင်ကာ ဘိုကလေးမြို့နယ်တွင်းမှ အခြေခံပညာကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ကြားလျက် ရှိသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
May 12,2022
နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် တက်ရောက်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသည်။
မြစ်ကြီးနားမြို့၌ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စု‌ပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပခဲ့သည်။
မြောင်းမြမြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
May 12,2022
ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ မြောင်းမြမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစတင် တက်ရောက် ပညာသင်ကြားနေကြောင်း သိရ သည်။