သတင်းများ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘုံကျော်ဘုန်းတော်ကြီး ပညာသင်‌ရေးကျောင်းတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအားကြည့်ရှုအားပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည် ဇွန် ၆ ရက်နေ့ နေ့လယ်ပိုင်းက ငပုတောမြို့တောင်ပိုင်း ရပ်ကွက်ရှိ ဘုံကျော်ဘုန်းတော်ကြီး ပညာသင်‌‌ရေးကျောင်းတွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီး အသက်(၅)နှစ်မှ (၁၂)ကြား ကျောင်းနေအရွယ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophram ထိုးနှံပေးနေမှု အ​ခြေအနေကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ငပုတောမြို့၌ စာသင်ကျောင်းဝန်းအတွင်း ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှ ကင်းဝေးစေရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငပု​တောမြို့နယ်အတွင်းရှိ စာသင် ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာစာသင်ကျောင်းများတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာစာသင်ကျောင်း များတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှ စတင်၍ အသက်(၅)နှစ်မှ အသက် (၁၂) အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်  သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီက ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ အ.ထ.က(၃)ကျောင်း၊ အ.မ.က(ကြာဖူးငုံ) ကျောင်းနှင့် ကုမုဒြာစာကြည့်တိုက်သို့ Mobile Library  Bus ဖြင့်  စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library  Bus) ဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံမှာကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ညှိနှိုင်းအစည
May 12,2022
ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
သာပေါင်းမြို့နယ်တွင် လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် (ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းဝေး အမှတ်စဉ် (၃/၂၂) ကျင်းပပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းဝေး (၃/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။