အလုံမြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​​ပေး

အလုံ ဇွန်

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ အလုံမြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ​ ​အမှတ်(၇) အခြေခံ အထက်တန်း​ကျောင်း၌ ကွင်းဆင်းထိုးနှံ ဆောင်ရွက်လျက်ရှိရာ ယ​နေ့တွင်ကျောင်းသား၊ကျောင်းသူ ၂၄၇ ဦးအား  ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ကျောင်းသား၊ကျောင်သူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန် ရရှိစေရန်ရည်ရွယ်၍ ထိုးနှံပေးခြင်း ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် ကာကွယ်​ဆေးထိုးရန် အကျုံးဝင်သည့်   အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ​ကျောင်းသား၊ ​ကျောင်းသူ ၃၁၈၉၆ ရှိရာ ယ​နေ့အထိ ကာကွယ်​ဆေးထိုးနှံပြီးသူ ၂၇၀၆၂ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈.ထိုးနှံပြီးပြီဖြစ်​ကြောင်း သိရသည်။

င်တင်ချို (ပြန်/ဆက်)