ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဂျပန်ဘာသာစကားသင်တန်း N5 Basic Level Class ဖွင့်လှစ်မည်

ပျဉ်းမနား ဇွန် ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘာသာစကားသင်တန်းများနှင့်ကွန်ပျူတာသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ဂျပန်ဘာသာစကားသင်တန်း N5 Basic Level Class သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ဂျပန်ဘာသာစကားသင်တန်း N5 Basic Level Class သင်တန်းအား သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် သင်တန်းကြေး(၃၀၀၀၀)ကျပ် ကျသင့်မည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး(ရွှေညောင်ပင်ကားဂိတ်အနီး)သို့ တက်ရောက်မည့် သင်တန်းသားကိုယ်တိုင် ရုံးချိန်အတွင်း လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)