ဒဂုံ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ဇူလိုင်(၃)ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့နေ့လည် ၁ နာရီအချိန်က ဒဂုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့သည်။
ထိုသို့ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့်ဒေါ်မေသန္တာ (မြို့နယ်ဦးစီးအရာရှိ)နှင့် ဒေါ်စုစုသိန်း(စာရေးဆရာမစုသိန်းစု၊ မြို့နယ်စာရေးဆရာအသင်း)တို့က ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် မြန်မာအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများဘဝလုံခြုံရေး၊ ဝတ်စားဆင်ယင်မှုများ၊ မြို့နယ်အတွင်းဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များဖြင့် အမျိုးသမီးများဘဝတိုးတက်ဖွံ့ဖြိုးစေရေး လှုပ်ရှားဆောင်ရွက်မှုများ၊ ထူးချွန်ထင်ရှားသည့် မြန်မာအမျိုးသမီးများစသည်တို့နှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Talk Show အစီအစဉ်ကို ဒဂုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး ဒဂုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအသိပညာရရှိစေရေးအတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မေသန္တာ