ရေးမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် နွားများ ကာကွယ်ဆေးထိုးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများဆောင်ရွက်

 

ရေး ဇူလိုင် ၁၄

မွန်ပြည်နယ် ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်ဖြင့် အမှတ်(၁၉) စစ်ဆေင်ရေး ကွပ်ကဲမှုဌာနချုပ် မွေးမြူရေးခြံ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နွားများကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူရေးခြံ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်အရ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည် ခွာနာလျှာနာရောဂါ၊ အရေပြားအကြိတ်နာရောဂါနှင့် အာဖရိက အပြင်ဖျားရောဂါကာကွယ်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသန်းထွဋ်အောင်မှ နွား(၁၉)ကောင်အား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နွားမွေးမြူရေးခြံနှင့် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)