အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အသက်(၁၄)နှစ် ဘောလုံးအားကစားဝါသနာရှင် ကျောင်းသားများ ယှဉ်ပြိုင်ကစား

မင်္ဂလာဒုံ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အသက်(၁၄)နှစ် ဘောလုံးအားကစား ဝါသနာရှင် ကျောင်းသားများအား မြို့နယ်ကိုယ်စားပြု U-၁၄ အမျိုးသားဘောလုံးအသင်းအဖြစ် ဖွဲ့စည်းနိုင်ရန်အတွက် ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ဘောလုံးအားကစားဝါသနာရှင် ကျောင်းသား (၂၈) ဦးတို့ကို အသင်းများဖွဲ့၍ အလှည့်ကျယှဉ်ပြိုင်ကစားလျက်ရှိသည့် အခြေအနေ တို့ကိုကြည့်ရှုကာ မြို့နယ်ဒုတိယပညာရေးမှူး ဦးသန်းအေးဦးဆောင်၍ ကျောင်းပေါင်းစုံမှ အားကစားမှူးများဖြစ်သည့် ဆရာ၊ ဆရာမများက စိစစ်ရွေးချယ်လျက်ရှိကြောင်း သိရသည်။

ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးအားကစားဝါသနာရှင် ကျောင်းသား (၂၈) ဦးထဲမှ စိစစ်ရွေးချယ်ထားသည့် ကျောင်းသား (၁၈) ဦးတို့ကို မြို့နယ်ကိုယ်စားပြု U-၁၄ အမျိုးသား ဘောလုံးအသင်းအဖြစ် ဖွဲ့စည်းကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်းစုံ မြို့နယ်ကိုယ်စားပြု ခရိုင်အဆင့်ဆက်လက် ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အားကစားမှူးများဖြစ်သည့် ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဦးသန်းအေးထံမှ သိရသည်။

မြတ်သူဇာ  (မင်္ဂလာဒုံ)