အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ)၌ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jul 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ကျောင်းဖူဆယ်ကွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးဦးစိန်ကျော်လှိုင်မှ ကျောင်းသား/သူလေးများ အား ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ပညာအရည်အသွေး မြင့်မားတိုးတက်မှု ရှိနေစေရန်၊ ကျောင်းကိုယ်စားပြု အားကစားအသင်းများဖွဲ့စည်းရန်နှင့် အားကစားဖြင့် ကျောင်းသားများ၏ မျိုးချစ်စိတ်ဓါတ်၊ နိုင်ငံချစ်စိတ်ဓါတ်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့သည်။