ကျုံပျော်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် က‌ဗျာပြိုင်ပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဇူလိုင် ၁၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် က‌ဗျာပြိုင်ပွဲကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။

စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ( ၂၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး၊ စာစီစာကုံး ပြိုင်ပွဲ‌ခေါင်းစဉ်မှာ "ကမ္ဘာတည်သရွေ့ အာဇာနည်နေ့ ဒို့မမေ့" ဖြစ်ကြောင်း၊ ကဗျာပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၈)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး၊ ကဗျာပြိုင်ပွဲ ခေါင်းစဉ်မှာ "ဘယ်ခါမမေ့ အာဇာနည်နေ့" ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း‌ကျောင်းများ အသီးသီးတွင်လည်း  အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အခြေခံပညာကျောင်းများ၌ အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များအား လွတ်လပ်ရေးရယူခဲ့ရသည့် သမိုင်းအ‌ကြောင်းအရာများကို သိရှိကြပြီး၊ တိုင်းပြည်အကျိုး သယ်ပိုးလိုစိတ်များ၊ အာဇာနည် ခေါင်းဆောင်ကြီးများကဲ့သို့ စွန့်လွှတ်စွန့်စားလိုစိတ်များ၊ လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းရမည့် အသိများ အမြဲကိန်းအောင်းနေစေရန် အတွက်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)