ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံစာစောင်များ ပြသ
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေ ကျောင်းသား/သူများ ကျောင်းစာအပြင် အသိပညာ၊ ဗဟုသုတများ တိုးပွား ရရှိစေရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် အသိပညာပေး နံရံစာစောင်များ ပြသဆောင်ရွက်ခဲ့သည်။