ငါ့သရောက်မြို့ တောပြားကျေးရွာ အ.မ.က(မူလွန်)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

ငါ့သရောက်မြို့ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာ အ.မ.က (မူလွန်) ကျောင်းတွင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၉နာရီအချိန်က ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကသွားရောက်ပြီး ကျောင်း သား၊ ကျောင်းသူများသိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ခင်ကျင်းပြသပေးခဲ့ ကြောင်းသိရသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်အေးအေးမို့မှ ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်ဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်ထုံထိုင်းစေခြင်း၊ ကိုယ်ခန္တာကို တစ်နည်း နည်းဖြင့် ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူသည် ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေခြင်း၊ ဆက်လက်မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားသည့် ဆေးဝါးများဖြစ်ခြင်း အစရှိသူတို့ကို ရှင်းပြပေးပြီး နောင်အခါ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် "ရှောင်လေဝေးဝေးမူးယစ်ဆေး" ဆိုသည့် စကားအတိုင်း မူးယစ်ဆေးမြင်လျှင် ဝေးဝေးကရှောင်ကြရန် ပြေားကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်သူများအား မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)