ခမောက်ကြီးမြို့တွင် ၂၀၂၂- ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ခမောက်ကြီး ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးစာစစ်ဌာနအတွင်း ဖြေဆိုကြသူများ၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အ..ကခမောက်ကြီးကျောင်း၌ ကပ်နှံထားလျက်ရှိသည်။

အဆိုပါစာမေးပွဲအောင်မြင်ကြသူများတွင် ခမောက်ကြီးစာစစ်ဌာနအနေဖြင့် အောင်မြင်သူ(၁၄)ဦးရှိပြီး၊ အထကခမောက်ကြီးကျောင်းမှ ဖြေဆိုသူ(၃၇)ဦးတွင် အောင်မြင်သူ(၈)ဦး ရှိပြီး ရိုးရိုးအောင်(၇)ဦးနှင့် ဘောဂဗေဒဂုဏ်ထူးပါရှိသူ(၁)ဦးဖြင့် အောင်ချက်နှုန်း(၂၁.၆၂%)၊ အထကမလိဝမ်း ကျောင်းမှဖြေဆိုသူ (၇)ဦးတွင် အောင်မြင်သူ(၂)ဦးရှိပြီး (မြန်၊ဘော)ဂုဏ်ထူး(၁)ဦးနှင့် (ဘောဂ) ဂုဏ်ထူး(၁)ဦးဖြင့်အောင်ချက်နှုန်း (၂၈.၅၇%)၊ အထက အောင်ဘာကျောင်းမှဖြေဆိုသူ(၃)ဦးတွင် အောင်မြင်သူ(၁)ဦးဖြင့် အောင်ချက်နှုန်း (၃၃.၃၃%)၊ အလွတ်ဖြေဆိုသူ(၁၆)ဦးတွင် အောင်မြင်သူ(၃)ဦးရှိပြီး ရိုးရိုးအောင်(၂)ဦးနှင့် (သမိုင်း၊ ဘောဂ) ဂုဏ်ထူးပါသူ(၁)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း(၂၂.၂၂%)တို့ဖြစ်ကြကြောင်း သိရ သည်။

ရူပါမြင့်(ခမောက်ကြီး)